Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် တတိယတန်းကျောင်းသားတစ်ဦး ဆည်မြောင်းအတွင်း ရေနစ်သေဆုံး

၂၀၂၅၊ဇူလိုင်လ၊၃ရက်

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ အုန်းတောလမ်းရှိ ဆည်မြောင်းအတွင်းမှာ ရေဆင်းကူးခဲ့တဲ့ တတိယတန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရေနစ်သေဆုံးခဲ့သူ ကျောင်းသားမှာ အထက(၁) တွင် တတိယတန်း တက်ရောက်နေသူ အသက် (၉) နှစ်အရွယ် မောင်သစ်ထူးအောင် ဖြစ်ပြီး ဈေးချိုတောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက်၊ နေ့လည် ၂ နာရီကျော်အချိန် ကလေးငယ်တစ်ဦး ရေနစ်သွားခဲ့ရာ အနီးအနားရှိ ပြည်သူများက ဝိုင်းဝန်းဆယ်ယူခဲ့ကြပြီး ရုပ်အလောင်းကို မြို့ခံလူမှုကူညီရေးအသင်းကားဖြင့် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောင်းမှာ အစည်းအဝေးရှိတာကြောင့် ကျောင်းပိတ်ထားတဲ့နေ့မှာ ကလေးငယ်ဟာ ဆည်မြောင်းအတွင်း ရေဆင်းကူးရင်း ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

#MERCURY#Mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း