Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ မြေ/ကျောက်တင်ယာဉ်နဲ့ စက်ဘီးတိုက်မိလို့ ကလေးငယ်တစ်ဦး သေဆုံး

၂၀၂၅၊ဇူလိုင်၊၃ရက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၁၄ လမ်းထောင့်မှာ ယနေ့နံနက်ပိုင်းက မြေ/ကျောက်တင်ယာဉ်တစ်စီးမှ စက်ဘီးကို တိုက်မိခဲ့ရာ စက်ဘီးစီးနင်းလာတဲ့ ကလေးငယ်တစ်ဦး ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၈ နာရီဝန်းကျင်က မြေ/ကျောက်တင်ယာဉ်ဟာ မော်တော်ဆိုင်ကယ်များကို ကျော်တက်စဉ် အရှိန်လွန်ပြီး စက်ဘီးကို ကားနဲ့ ချိတ်မိသွားခြင်းဖြစ်ကြောင်း သိရပါတယ်။

သေဆုံးခဲ့သူ ကလေးငယ်မှာ အသက် (၁၂) နှစ်အရွယ် ရှိပြီး၊ လက်ရှိအချိန်တွင် မိသားစုဝင်များထံ ဆက်သွယ်နိုင်ရန် စုံစမ်းနေကြသလို ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားကြောင်း သိရပါတယ်။

ကားနဲ့ တိုက်မိပြီး ထွက်ပြေးသွားခဲ့သည့် ယာဉ်မောင်းမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ကလေးငယ်မှာ ကားနှင့် ချိတ်မိခဲ့ပြီး ကွန်ကရစ်လမ်းပေါ်သို့ ခေါင်းဖြင့် ပြုတ်ကျခဲ့ရာ ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ကူညီခဲ့သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း#မန္တလေး