အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန် ဆန်ချို (Jadon Sancho) ကို ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ယူနိုက်တက်နှင့်ရော ကစားသမားရဲ့ ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပါတယ်။
ဂျူဗင်တပ်စ်အပြင် အခြား ကလပ်အသင်းအချို့ကလည်း ဆန်ချို၏ အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ခေါ်ယူရန် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။
ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ်မရှိတော့ဘဲ အသင်းပြောင်းရွှေ့ရန် ရှိနေသောကြောင့် အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေခြင်းဖြစ်ပါတယ်။
#mercury#mercurynews#အားကစား#ဆန်ချို#ဂျူဗင်တပ်စ်