Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဧရာဝတီမြစ်ရေနဲ့ မလိခမြစ်ရေ မြင့်တက်နိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်

၂၀၂၅၊ဇူလိုင်လ၊၇ရက်

မလိခမြစ်ဖျားခံရာ ပူတာအိုဒေသမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် (၅) လက်မကျော် ရွာသွန်းခဲ့ပြီး၊ မချမ်းဘောဒေသမှာတော့ (၁) လက်မခန့် မိုးရွာသွန်းခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်မှာ မိုးဆက်လက်များနိုင်တဲ့အတွက် မလိခမြစ်ရေ မချမ်းဘောမြို့မှာရော၊ ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့မှာပါ နောက် ၄၈ နာရီအတွင်း မြင့်တက်လာနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် အဆိုမြစ်တွေရဲ့ မြစ်ရိုးတစ်လျောက်ဒေသတွေအနေနဲ့ မိုးရွာသွန်းမှုနဲ့ မြစ်ရေမြင့်တက်မှုအခြေအနေတွေကို အထူးဂရုပြုပြီး သတိထားနေထိုင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက က အသိပေးနှိုးဆော်ထားပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ဧရာဝတီ#မြစ်ကြီးနား#မလိခ#မချမ်းဘော#ပြည်တွင်းသတင်း