Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုံရွာမြို့တွင် အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ကြိုးဆွဲချသေဆုံး

၂၀၂၅၊ဇူလိုင်၊၈ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန် အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ဇူလိုင် ၇ ရက် မနက်ပိုင်းက သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနက် ၅ နာရီဝန်းကျင်လောက်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အဘွားအိုရဲ့ ရုပ်အလောင်းကို မြို့ခံလူမှုကူညီရေးအသင်းက မုံရွာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

သေဆုံးသူ အဘွားအိုဟာ သမီးဖြစ်သူနဲ့ အတူနေထိုင်တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်ရက်က ခါးနာတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြိုးဆွဲချသေဆုံးခဲ့သူ အဘွားအိုရဲ့ ရုပ်အလောင်းကိုတော့ မုံရွာဆေးရုံကြီး ရင်ခွဲရုံကနေတစ်ဆင့် နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးထားပြီလို့လဲ သိရပါတယ်။

#mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း