Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြင်ဦးလွင်သံလမ်းအနီးတွင် မျက်နှာပုပ်ပွနေသည့် အမျိုးသားအလောင်း တွေ့ရှိ

၂၀၂၅၊ဇူလိုင်၊၁၃ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်သံလမ်း၊ ရေလောင်ရွာသွား လမ်းအနီးမှာ မျက်နှာတစ်ခုတည်း ပုပ်ပွနေတဲ့ သေဆုံးနေသူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၁၁ ရက် ည ၇ နာရီကျော် အချိန်မှာ ဒေသခံများရဲ့ အကူအညီတောင်းခံမှုကြောင့် မြို့ခံလူမှုကူညီရေးအသင်းမှ အဆိုပါရုပ်အလောင်းကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။

သေဆုံးသူ အမျိုးသားမှာ မျက်နှာတစ်နေရာတည်းသာ ပုပ်ပွနေပြီး ခန္ဓာကိုယ်မှာ ဘယ်လိုဒဏ်ရာမှ တွေ့ရှိရခြင်းမရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးနေသူဟာ အသက်မှာ ခန့်မှန်းခြေအားဖြင့် ၃၅ နှစ်ကျော် ရှိနိုင်ကြောင်းသိရပြီး လက်ရှိတွင် ပိုင်ရှင်မဲ့အလောင်းဖြစ်နေတယ်လို့ သိရပါတယ်။