ကရင်ပြည်နယ် ဘားအံ့မြို့ အမှတ် (၉)ရပ်ကွက် ရေကျော်အောင်မင်္ဂလာလမ်းမှာ နေအိမ်ထဲထိဝင်ရောက် ပြီး မိသားစုလိုက်ကို ဓားနဲ့ထိုးခံခဲ့တဲ့အတွက် အဖေနဲ့သမီးသေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန် ရထားတယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်အစော ၃ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဖခင်ဖြစ် သူ နဲ့ G – 11 တက်ရောက်နေတဲ့ သမီးဖြစ်သူ သေဆုံးခဲ့သလို ဒဏ်ရာရရှိခဲ့သူ မိခင်ဖြစ်သူကတော့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိခဲ့တဲ့မိခင်ဖြစ်သူကို ဘားအံဆေးရုံမှာ ဆေးကုသမှုပေးနေပြီး အသတ်ခံရတဲ့ မိသားစုဝင်များထဲက သမီးဖြစ်သူမရဲ့ ဓားထိုးခံရတဲ့ ဒဏ်ရာမှာဖခင်ဖြစ်သူထက် ပိုမိုများ တယ်လို့ သိရပြီး လူသတ်မှုကျူးလွန်သူတွေမှာ အိမ်နီးနားချင်းတွေဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။
လက်ရှိအချိန်မှာတော့ လူသတ်မှုဖြစ်ပွားရတဲ့အကြောင်း အရင်းကို မသိရှိရသေးသလို လူသတ်မှုကျူးလွန် သူတွေကိုလည်း ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း