Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

PSGကို အနိုင်ယူပြီး ကလပ်ကမ္ဘာ့ဖလားမှာချဲလ်ဆီးဗိုလ်စွဲ

၂၀၂၅၊ဇူလိုင်လ၊၁၄ရက်

အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းက ပြင်သစ်ကလပ် PSGအသင်းကို သုံးဂိုးပြတ် အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

ချဲလ်ဆီးအတွက် သွင်းဂိုးတွေကို ကိုးလ်ပါယ်မာက နှစ်ဂိုး၊ဂျာအို ပတ်ဒရိုက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို PSGကစားသမား ဒူရေး၊အကောင်းဆုံးဂိုးသမားဆုကို ချဲလ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်၊ရွှေဖိနပ်ဆုကို ရီးရဲလ်မက်ဒရစ် ကစားသမား ဂါစီယာ၊အကောင်းဆုံးကစားသမားဆုကို ကိုးလ်ပါယ်မာက ရရှိသွားခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်ပြီး ဆုတွေချီးမြင့်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

#Mercury#mercurynews#အားကစား#chelsea#PSG