Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကျားဖောင်ပေါ်တွင်ရိုက်နှက်နှိပ်စက်ခံရ၊ခွေးလိုအူခိုင်းခံရသည့် ဦးလေးကြီးကို အသက်ရှင်လျက်ပြန်တွေ့ဟုဆို

————————————–

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၅)ရက်

ကျားဖောင်ပေါ်မှာ ရိုက်နှက်နှိပ်စက်ခံရ၊ခွေးလိုအူခိုင်းခံရတဲ့ ဦးလေးကြီးကို အသက်ရှင်လျက်ပြန်တွေ့တယ်လို့ လှိုင်သာယာကိုရီး ပရဟိတမှ သိရပါတယ်။

အဲဒီ့ဦးလေးကြီးကို သွားရောက်ကယ်တင်ဖို့ ပရဟိတအဖွဲ့တွေအပြိုင်အဆိုင်ကြိုးပမ်းကြရာမှာ လှိုင်သာယာကိုရီးမှ အသက်ရှင်လျက် ဗီဒီယိုပြောခွင့်ရသလို အခုရက် ပိုင်းမှာ ကိုယ်တိုင်လည်း သွားရောက်တွေ့ဆုံနိုင်ခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နှိပ်စက်ခံရတဲ့ကျားဖောင်လုပ်သားနာမည်မှာ ဦးခင်ဇော်(ခ)ဦးဇော်ကြီးဖြစ်ပြီး လက်ရှိလည်း အရမ်းဆင်းရဲနေသလို ကျန်းမာရေးအရ နားမကြားတာ၊သွားတွေမရှိတာတွေရှိလို့ ဆေးကုသဖို့ လိုအပ်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ကျားဖောင်#ပရဟိတ