Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာကလေးတစ်ဦး အိန္ဒိယတွင် အသဲအစားထိုးကုသမည်

———————————————————————————————–

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၅)ရက်

ပဲခူးတိုင်း၊‌ရွှေကျင်၊ပုဇွန်အိုင်ရွာမှ အသဲဝေဒနာရှင် သမီးငယ်လေးတစ်ဦး အသဲအစားထိုးဖို့လိုအပ်နေလို့ ခိုင်နှင်းဝေဖောင်ဒေးရှင်းနဲ့အလှူရှင်တွေက ဝိုင်းဝန်းကူညီနေတယ်လို့ သိရပါတယ်။

အဲဒီ့ကလေးငယ်လေးအတွက် အသဲအလှူရှင်ဟာ ကလေးရဲ့ မိခင်ရင်းပဲဖြစ်ပြီး အိန္ဒိယမှာ သွားရောက်ခွဲစိတ်ကုသကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်လေးခွဲစိတ်ကုသဖို့အတွက် ကုန်ကျစရိတ်သိန်း(၂)ထောင် ဝန်းကျင်ခန့်မှန်းထားပြီး အိန္ဒိယမှ ပါရဂူ Prof Sanjay Govilနဲ့ ပြသစစ်ဆေးထားပြီး အသဲအစားထိုးကုသဖို့ အောင်မြင်နိုင်ခြေ(၉၅)ရာခိုင်နှုန်း ရှိတယ်လို့ သရုပ်ဆောင်ခိုင်နှင်းဝေက ဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ပဲခူး