—————————————————————————
ဧရာဝတီမြစ်ရေ၊စစ်တောင်းမြစ်ရေ၊ငဝန်မြစ်ရေ၊တိုးမြစ်ရေတွေတက်ဖို့ရှိတဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဧရာဝတီမြစ်ဟာ ဇလွန်မှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမှာ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ တိုးမြစ်ဟာ မအူပင်မြို့မှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
ဒါကြောင့်မို့လို့ ဇလွန်မြို့၊တောင်ငူမြို့၊မအူပင်မြို့၊ငါးသိုင်းချောင်းမြို့ရှိ မြစ်ကမ်းနားနေသူတွေနဲ့ မြေနိမ့်ပိုင်းနေသူတွေအနေနဲ့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ မြစ်ရေတက်လာပါက အချိန်မီရှောင်ရှား ကြဖို့ သတိပေးထားပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း