—————————————————————————
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ YBSယာဥ်နဲ့ Light Truck ယာဥ်တိုက်မှုဖြစ်ပွား၊ယာဉ်မောင်းညပ်နေလို့ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဇူလိုင်လ(၁၈)ရက်၊ မနက်အစောကြီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂)ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်ခဲ့တာဖြစ်ပါတယ်။
Light Truckယာဥ်မှာ ယာဥ်မောင်းသူနဲ့ အဖော်တို့ ၂ ဦးပါရှိပြီး အဖော်ဖြစ်သူ အမျိုးသားကို ဦးစွာ ထုတ်ယူနိုင်ခဲ့ပြီး မြေပြင်ရှေးဦးပြုစုမှုပြုလုပ်ပေးပြီး YRO အဖွဲ့ဝင် ” ဗာကုလ ” လူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် အထွေထွေရောဂါကုဆေးရုံ(မြောက်ဥက္ကလာပ)သို့ အသက်ရှင်လျက် ပို့ဆောင်ကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယာဥ်မောင်းသူအမျိုးသားကို ကားခေါင်းခန်းအတွင်း ညပ်နေရာမှ ထုတ်ယူခဲ့ကြပြီး မြေပြင်ရှေးဦးပြုစုခြင်းများ ပြုလုပ်ပေးပြီး ” ဦးချက်- အဖြူရောင် ” ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် အထွေထွေရောဂါကုဆေးရုံ(မြောက်ဥက္ကလာပ)သို့ အသက်ရှင်လျှက် ပို့ဆောင် ကူညီခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း