Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီတင်ကား ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး‌ေ-သဆုံး

—————————————————————————

၂၀၂၅ခုနှစ်၊ဇူလိုင်၊(၁၈)ရက်

ဆီတင်ကားကြီးနဲ့အခြားယာဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းညပ်နေလို့ အရေးပေါ်ကယ်ဆယ်ခဲ့ရတယ်လို့ H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။

ဇူလိုင်လ(၁၇)ရက်၊ ည(၉)နာရီကျော်မှာရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၁) ရပ်ကွက်၊ ရတနာလမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရှာ ဖွေကယ်ဆယ်‌ေရးယာဉ် (၁)စီး အရေးပေါ်သူနာတင်ယာဉ်(၁)စီး လူအင်အား(၆)ဦးဖြင့်သွားရောက်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်တွင် အမျိုးသား(၁)ဦး သေဆုံးသူကို အကြင်နာ ကုသိုလ်ပြုအသင်းအရေးပေါ်လူနာတင်ကားဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပိုဆောင်ခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း#မှုခင်း