၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၂)ရက်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇူလိုင် ၂၁ရက်မှ ၃၀ရက်အထိ တရုတ်နိုင်ငံမှာလေ့ကျင့်မှာဖြစ်ပြီး ဒီကာလအတွင်း ခြေစမ်းပွဲတွေယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အာဆီယံ ချန်ပီယံရှစ်အတွက် လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး လေ့ကျင့်မှုနှင့် ခြေစမ်းပွဲများ ကစားသွားဖို့ရှိတယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံ ခရီးစဉ်မှာ ကစားသမား ၂၄ ဦးပါဝင်မှာဖြစ်ပြီး မလေးရှားကလပ် ဆာဘားမှာ ကစားနေတဲ့ ဝင်းသိင်္ဂီထွန်းမှာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှသာ လာရောက် ပူးပေါင်းမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖော်ပြထားပါတယ်။
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ကို သြဂုတ် ၆ရက်မှ ၁၉ရက် အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်၊ သြစတြးလျ ၊တီမော အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက်ရှိတယ်လို့ သိရပါတယ်။