၂၀၂၅၊ဇူလိုင်လ၊၂၂ရက်
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ လိုက်ဇစ်ကွင်းလယ် တိုက်စစ် ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ ဖာဗီဆိုင်မွန်ရဲ့ ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ဒီနေ့မှာ လိုက်ဇစ်အသင်းနဲ့ပါဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိနေပါတယ်။
အာဆင်နယ် အသင်းကတော့ အခြေအနေကို စောင့်ကြည့်နေပြီး ယိုကရက်ရှ်အပြောင်းအရွေ့ကို အပြီးသတ်ပြီးတာနဲ့ ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ သိရပါတယ်။