Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့အဆင့် Esports ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး Esports အဖွဲ့တတိယကြေးတံဆိပ်ဆုရရှိ

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၂)ရက်

ဆောဒီနိုင်ငံ၊ရီယာဒ့်မြို့မှာ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့် Esports ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး Esportsအဖွဲ့က တတိယရရှိခဲ့တယ်လို့ သိရပါတယ်။


ပထမဆုကို အင်ဒိုနီးရှားနိုင်ငံမှ Team Vitality အသင်း၊ ဒုတိယဆုကို အမေရိကန်နိုင်ငံမှ Gaimin Gladiators အသင်း၊ တတိယဆုကို မြန်မာနိုင်ငံမှ Terror Queens အသင်းတို့က ရရှိခဲ့ကြတာဖြစ်ပါတယ်။


မြန်မာအမျိုးသမီး Esports အဖွဲ့ဟာ ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ အသင်းအနေဖြင့် Mobile Legends ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။