၂၀၂၅၊ဇူလိုင်လ၊၂၃ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းမှာ ယနေ့ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ ၂၇ မိနစ် ခန့်က စက်ရုံမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သတင်းရရှိပြီးနောက် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ၆ စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ၁ စီးနှင့် တညင်းကုန်းနယ်မြေမီးသတ်စခန်းမှ ၁ စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၁၂ စီး တို့ဖြင့် ထွက်ခွာကာ မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
နံနက် ၉ နာရီ ၄၉ မိနစ် တွင် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာခဲ့ပြီး၊ နံနက် ၉ နာရီ ၅၉ မိနစ် တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသလိုနံနက် ၁၀ နာရီ ၄ မိနစ် တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။