၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၁)ရက်
အခုရက်ပိုင်းမှာ မြစ်(၅)စင်းဟာ စိုးရိမ်အမှတ်ရောက်ရှိ၊ကျော်လွန်တာတွေရှိနေလို့ ရေဘေးလွတ်ရာကြိုတင်ရှောင်ကြရန်သတိပေးထားတယ်လို့ သိရပါတယ်။
တောင်ငူမှာတော့ မြစ်ရေတက်လို့ မျှောပါပြီးအသက်ဆုံးရှုံးသူတွေစတင်ရှိလာပြီလို့ တောင်ငူလူမှုကူညီရေးအဖွဲ့တွေကဖော်ပြထားပါတယ်။
စစ်တောင်းမြစ်ရေ၊ရွှေကျင်မြစ်ရေ၊သံလွင်မြစ်ရေ၊ ဘီလင်းမြစ်ရေ၊သောင်ရင်းမြစ်ရေ၊ တို့မှာ စိုးရိမ်အမှတ် အထက် ကျော်လွန်ရောက်ရှိနေလို့ မြို့(၅)မြို့နေပြည်သူတွေကိုသတိပေးထားတာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့အဲဒီ့မြစ်တွေဖြတ်သန်းသွားတဲ့ တောင်ငူမြို့၊ရွှေကျင်မြို့၊ဘားအံမြို့၊ ဘီးလင်းမြို့၊ မဒေါက်မြို့၊မြဝတီမြို့ရှိမြစ်နားကမ်းနားနေထိုင်သူတွေ၊ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အချိန်မီ ကြိုတင် ရွှေ့ပြောင်းထားဖို့လိုအပ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#ေရဘေး#ပြည်တ္ငင်းသတင်း#မြန်မာ