Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆိုက်ဘာလုံခြုံရေးဥပဒေ ယနေ့အာဏာသက်ဝင်ပြီ

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၁)ရက်

ဆိုက်ဘာလုံခြုံရေးဥပဒေ ဟာ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး ဒီနေ့ ဇူလိုင်လ(၃၁)ရက်မှာဆိုရင် အာဏာစတင်အသက် ဝင်ပြီလို့ နစကမှ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ့ဥပဒေရဲ့ ရည်ရွယ်ချက်ချက်ဟာ ဆိုက်ဘာခြိမ်းခြောက်မှုကို ကာကွယ်ရန်၊ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ရန်၊ ဆိုက်ဘာအလွဲ အသုံးပြုခြင်းဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်မှုမှကာကွယ်ရန်နဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို အထောက်အကူပြုစေဖို့ ရည်ရွယ်တယ်လို့ ဆိုသော်လည်း

ဒီဥပဒေမှာ VPN (Virtual Private Networks) တွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း၊ဝန်ဆောင်မှုပေးခြင်းကို တားမြစ်ထားတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဆိုက်ဘာမှုခင်းတွေ၊ အွန်လိုင်းလောင်းကစားတွေ၊ တရားမဝင် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးယူနိုင်တဲ့ ပုဒ်မ တွေပါရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#ဆိုက်ဘာလုံခြုံရေး#ပြည်တ္ငင်းသတင်း