Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်နှင့်တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်

၂၀၂၅ခုနှစ်၊ဇူလိုင်လ(၃၁)ရက်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် ဦးအောင်လင်းဒွေးနဲ့ တွဲဖက်အမှုဆောင် ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ဒီကနေ့(ဇူလိုင် ၃၁ )ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ခန့်အပ် တာဝန်ပေးလိုက်တာ ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဇူလိုင် ၃၁ ရက်မှာ အမျိုးသား ကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။