၂၀၂၅၊ဇူလိုင်လ၊၃၁ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျေးရွာ၊ ကော့စိန်အုပ်စုမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီး လည်ပင်းလှီးသ-တ်ဖြ-တ်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားပြီလို့ သိရပါတယ်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ က အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ တရားခံလို့ ယူဆရသူနှစ်ဦးကို (ပ) ၄၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ-၃၀၂ (လူသတ်မှု) / ၃၇၆ (မုဒိ-မ်းမှု) တို့နဲ့ ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ မှာတော့ အမှုဖွင့်ခံထားရတဲ့ တရားခံနှစ်ဦးအနက် အသက် ၃၂ နှစ်အရွယ် ရန်နိုင်စိုး (ခ) ကောင်ငယ် ဆိုသူက လူသ-တ်မုဒိ-မ်းကျင့်ခဲ့တာကို ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ရန်နိုင်စိုး (ခ) ကောင်ငယ်ဟာ ကော့စိန်ကျေးရွာရှိ ဦးအုန်းထိန်ခြံအတွင်း မိန်းကလေးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးနောက် ဓားနဲ့ခုတ်ကာ ဝှက်ထားခဲ့တဲ့နေရာနဲ့ အလောင်းဝှက်ထားတဲ့နေရာတွေကိုပါ လိုက်လံပြသပေးခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ရန်နိုင်စိုး (ခ) ကောင်ငယ်ကို ထပ်မံစစ်ဆေးပြီး မော်လမြိုင်မြို့နယ်တရားရုံးမှာ ဖြောင့်ချက်ရယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သတင်းရရှိပါတယ်။
Ref;ဓါတ်ပုံ-DBA
#mercury#mercurynews#မှုခင်း#ပြည်တ္ငင်းသတင်း#မြန်မာ