Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာဆီယံထိပ်သီးညီလာခံကို အမေရိကန်သမ္မတ ထရမ့် တက်ရောက်မည်ဟု မလေးရှား အတည်ပြု

၂၀၂၅၊ဩဂုတ်လ၊၁ရက်

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ) ရဲ့ လာမယ့် ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တက်ရောက်မယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် က ဇူလိုင် ၃၁ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

မလေးရှားလွှတ်တော်မှာ ပြုလုပ်တဲ့ ညီလာခံတစ်ခုမှာ အန်ဝါက ထရမ့်နဲ့ ဖုန်းပြောခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေကို ထရမ့်က အလေးအနက် အသိအမှတ်ပြုခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုဟာ ဇူလိုင်လတုန်းက ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများညီလာခံကို တက်ရောက်ခဲ့ပြီး လက်ရှိအခြေအနေမှာတော့ သမ္မတကိုယ်တိုင်ပါ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#mercury#mercurynews#နိုင်ငံတကာ#အာဆီယံ#မလေးရှား