Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဩဂုတ်လ ပထမ(၁၀)ရက်ပတ်တွင် မိုးပိုရွာနိုင်မည့် ‌ ဒေသများနှင့်မြစ်ရေတတ်မည့်ဒေသများ ထုတ်ပြန်

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁)ရက်

အခုဩဂုတ်လ (၁)ရက်မှ(၁၀)ရက်အတွင်း မိုးပိုရွာနိုင်တဲ့ ဒေသ‌တွေနဲ့ မြစ်ရေတတ်မယ့်ဒေသတွေအခြေအနေကို မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင် တယ်လို့ ဆိုပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲါ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပြီးနေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေနဲ့ ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ၅ ပေမှ ၈ ပေခန့်နှင့် ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် ကလေး၀မြို့ တို့တွင် ၄ ပေမှ ၇ ပေခန့်နှင့် မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၃ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာသီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၁ ပေမှ ၃ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေခွဲမှ ၃ ပေခန့်၊ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁ ပေမှ ၁ ပေခွဲခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့တွင် ၂ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့တွင် ၅ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြစ်‌ရေ#ပြည်တွင်းသတင်း#မြန်မာ