ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅) လမ်း၊ အောင်ဇေယျအိမ်ရာအနီးမှာ သြဂုတ် ၁ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဟာ အခင်းဖြစ်ပွားရာကို ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် လှိုင်သာယာအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်နဲ့ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း