Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောင်ချိုမြို့နယ်တွင် ကားချောက်ထဲကျမှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

၂၀၂၅၊ဩဂုတ်လ၊၂ရက်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးရွာမှာ သြဂုတ် ၁ ရက်၊ ည ၇ နာရီ ၁၅ မိနစ်ခန့်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားတစ်စီးဟာ ပေ ၃၀ ခန့် နက်တဲ့ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

သတင်းရရှိတာနဲ့တစ်ပြိုင်နက် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ၁၉၁ သူနာတင်ယာဉ်တစ်စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၁၉၁ သူနာတင်ယာဉ်နဲ့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း