Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချဲလ်ဆီးနဲ့ပူးပေါင်းဖို့ ရင်ခုန်စိတ်လှုပ်ရှားနေကြောင်း အက်စ်တီဗာအို ဝီလီယံပြော

၂၀၂၅၊ဩဂုတ်လ၊၂ရက်

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားသစ် ဖြစ်လာမယ့် အက်စ်တီဗာအို ဝီလီယံ ဟာ လန်ဒန်မြို့ကို အရောက်လာဖို့အတွက် စိတ်အားထက်သန်နေပြီး ချဲလ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ရမယ့်အချိန်ကို စိတ်မရှည်နိုင်အောင် စောင့်မျှော်နေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အက်စ်တီဗာအို ဝီလီယံက “ကျွန်တော် လုံးဝစိတ်မရှည်နိုင်အောင် ဖြစ်နေပါပြီ။ ချဲလ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဆင်မြန်းရဖို့ စောင့်ဆိုင်းနေရတဲ့ အချိန်တွေ၊ နေ့ရက်တွေဟာ ရှည်ကြာလွန်းလှပါတယ်။ နာရီတွေ ရပ်တန့်နေသလိုပါပဲ” လို့ပြောပါတယ်။

ဒါ့အပြင် “ကျွန်တော်ကိုယ်တိုင်က အရမ်းစိတ်စောနေတာ ဖြစ်မှာပါ။ အစအရာရာ အဆင်ပြေ၊ ချောမွေ့သွားမယ်လို့ မျှော်လင့်ထားပါတယ်” လို့လည်း သူက ဆိုပါတယ်။ ဘရာဇီးလ်ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့အတူ သမိုင်းမှတ်တမ်းကောင်းတွေ ရေးထိုးနိုင်ဖို့နဲ့ ပရိသတ်တွေ ဂုဏ်ယူရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ်ကလပ် Palmeiras အသင်းရဲ့ အက်စ်တီဗာအို ဝီလီယံ ကို ပေါင် ၂၉.၃ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အသက်၁၈နှစ်အရွယ်သာ ရှိသေးတဲ့ ဝီလီယံဟာ ဘရာဇီးလ်ရဲ့ အရည်အချင်းရှိ လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

#mercury#mercurynews#အားကစား#ချဲလ်ဆီး#estevaowillian