၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၄)ရက်
ပဲခူး၊ဟံသာဝတီမြို့ဟောင်းရှိ ရှေးဟောင်းကျုံးနေရာတွေကို တူးဖော်ဖို့နဲ့သိန္နီတံခါးကိုပြုပြင်ဖို့ရှိတယ်လို့ သိရပါတယ်။
ပဲခူးမြို့၊ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိလာတဲ့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဟံသာဝတီမြို့ဟောင်း မြို့ရိုးတစ်လျှောက်မှာ ရှေးယခင်ကတည်းကရှိပြီးဖြစ်တဲ့ ရှေးဟောင်းကျုံးနေရာတွေကို ပြန်လည်တူးဖော်ထိန်းသိမ်းသွားဖို့ လိုကြောင်း၊ သိန္နီတံခါးရှိတံတားကိုလည်း ခေတ်မီနည်းပညာတွေအသုံးပြုပြီး ရှေးမူလက်ရာတွေအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်သွားဖို့လိုကြောင်း လမ်းညွှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျုံးဘေးဝန်းကျင်မှာ အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့်နေရာများကို ဆောင်ရွက် ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေးမှာ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားခဲ့ပြီးပဲခူးမြစ်အား ကျောက်စီနံရံများပြုလုပ်၍ ရေစီးဆင်းမှုများကောင်းမွန်စေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#ပဲခူး#မြန်မာ#ယဉ်ကျေးမှု#ပြည်တွင်းသတင်း