၂၀၂၅ခုနှစ်၊ဩဂုတ်လ(၄)ရက်
မြန်မာအမျိုးသမီးယူ၂၀အသင်း ဩဂုတ်လထဲမှာ အုပ်စုပွဲများစတင်ကန်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှသိရပါတယ်။
၂၀၂၅ ဩဂုတ်လ ၆ ရက်နေ့မှာ မြန်မာနိုင်ငံက သုဝဏ္ဏကွင်းမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် အာရှ အမျိုးသမီး ယူ၂၀ ခြေစစ်ပွဲစဉ်တွေ ကျင်းပဖို့ နီးကပ်လာပြီလို့ဆိုပါတယ်
မြန်မာ ယူ၂၀ အမျိုးသမီး အသင်းအနေနဲ့ ဩဂုတ် ၆ ရက်၊ ညနေ (၄:၀၀)နာရီမှာ တက်ခ်မင်နစ္စတန်၊ ဩဂုတ် ၈ ရက် ညနေ (၄:၀၀)နာရီမှာ အင်ဒိုနီးရှား၊ ဩဂုတ် ၁၀ ရက် ညနေ(၄:၀၀)နာရီမှာ အိန္ဒိယ တို့နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အုပ်စု ၈ ခုမှာ ပထမ အသင်း ၈ သင်း၊ အကောင်းဆုံး ဒုတိယ ၃ သင်းသာ ခြေစစ်ပွဲအောင်မှာဖြစ်လို့ မြန်မာ ယူ၂၀ အမျိုးသမီးအသင်း အိမ်ကွင်းမှာ ပရိသတ်ရှေ့မှောက်အားသာချက်ယူပြီး ခြေစစ်ပွဲအောင်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ဘောလုံး#ပြည်တွင်းသတင်း