Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြင်ဦးလွင်နယ်တွင် ယနေ့နံနက်အစောပိုင်း မီးလောင်မှုဖြစ်ပွား

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၅)ရက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှာ မနက်အစောကြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဩဂုတ်လ(၅)ရက်၊မနက် ၀၁ ၅၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀) နဝရတ် လမ်းမှာ မီးလောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဖြစ်စဉ်ကို ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၀၁ ၅၃) အချိန်မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။