ပြည်ပကိုဆန်နဲ့ဆန်ကွဲတင်ပို့နှုန်း ပြီးခဲ့တဲ့လထက် တန်ချိန်အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။
ဇွန်လက ပြည်ပကိုဆန်နဲ့ဆန်ကွဲမက်ထရစ်တန်ချိန် (၂၁၂၄၁၆)တန်နဲ့ ဇူလိုင်လမှာတော့ မက်ထရစ်တန်ချိန် (၂၃၀၆၇၁)တန်ပို့ဆောင်ခဲ့တာဖြစ်ပြီး တန်ချိန်(၁၈၂၅၅)တန်ပိုပို့ခဲ့ပါတယ်။
ဆန်နဲ့ဆန်ကွဲတင်ပို့မှုကို ကုမ္ပဏီပေါင်း(၆၂)ခုကတင်ပို့ခဲ့တာဖြစ်ပြီး ဆန်တန်ချိန်(၁၂၄၁၆၆)၊ဆန်ကွဲ (၁၀၆၅၀၅)တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကဆန်ကို ဝယ်ယူမှုအများဆုံးနိုင်ငံတွေကတော့ တရုတ်၊ဖိလစ်ပိုင်၊စပိန်၊MADAGASCAR၊ပိုလန်နဲ့ ဆန်ကွဲကို တရုတ်၊အင်ဒိုနီးရှား၊ SENEGAL,BELGIUM, UNITED KINGDOMတို့ကဝယ်ယူခဲ့တယ်လို့ သိရပါတယ်။