နေပြည်တော်ရှိ ပေါင်းလောင်းရေလှောင်တမံ ရေကျော်နေသော်လည်း စိုးရိမ်ဖွယ်မရှိလို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ(၇)ရက်မှာတော့ ပေါင်းလောင်းရေလှောင်တမံဟာ ကန်ရေပြည့်လျှံပြီး အမြင့်ပေ ၂ဒဿမ ၂၉ပေကျော်လွန်နေတယ်လို့ ဆိုပါတယ်။
ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲကနေရေကျော်ကျနေတာနဲ့ ကြံ့ခိုင်မှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကစစ်ဆေးခဲ့ပြီး ပေါင်းလောင်းတမံအနေနဲ့ အမြင့်ဆုံး အနေဖြင့် ရေပိုလွှဲမှ အမြင့်ပေ၈ပေကျော်၊၁၁ပေကျော်အထိ ကျော်လွန်ခဲ့ဖူးတယ်လို့ သိရပါတယ်။
#mercury#mecurynews#မြန်မာ#ပြည်တွင်းသတင်း#ပေါင်းလောင်းရေတမံ