လူမှုကွန်ရက်တွေမှာ လေ-ာင်းကစားကြော်ငြာတွေ၊တရားမဝင်စီးပွားရေး ကြော်ငြာတွေမရိုက်ကူးဖို့ ရုပ်ရှင်အစည်းအရုံး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ဥပဒေနဲ့ မညီတဲ့ လေ-ာင်းကစားကြော်ငြာတွေ၊ တရားမဝင်စီးပွါးရေးကြော်ငြာတွေကို အချို့သောရုပ်ရှင်လောကသားတွေက ရိုက်ကူးနေကြတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ ထုတ်ပြန်မှာပါရှိပါတယ်။
အဲဒီလို ကြော်ငြာတွေကို သိလျက်နဲ့ဖြစ်စေ မသိလျက်နဲ့ဖြစ်စေ ရိုက်ကူးခြင်းဟာ ဥပဒေနဲ့ ငြိစွန်းတာကြောင့် မပြုလုပ်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံလို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
လတ်တလောမှာလည်း လူသိများတဲ့ ဆယ်လီတွေ၊ တစ်တော့ဆယ်လီတွေက အများပြည်သူကြည့်ရှုရန် မသင့်တော်တဲ့ ရုပ်သံတိုတွေ၊ တရားမဝင်အလှကုန်ပစ္စည်းတွေကို ကြေညာခြင်း၊ လေ-ာင်းကစားဂိမ်းများကို ကြေညာခြင်းတွေ ပြုလုပ်နေဆဲရှိတယ်လို့ သိရပါတယ်။