Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေထုမငြိမ်မသက်ဖြစ်၍ (၆)ရက်တာမိုးသက်လေပြင်းတိုက်ခြင်း၊မိုးကြီးခြင်းများဖြစ်ပေါ်နိုင်


မုတ်သုံလေအားကောင်းတာ၊လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်တာကြောင့် သြဂုတ်လ(၁၁)ရက်မှ(၁၆)ရက်အထိ မြန်မာနိုင်ငံအတွင်းမိုးသက်လေပြင်းတိုက်ခတ်တာ၊မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

အခုရက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာနေရာကျဲကျဲနဲ့နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

ဒီ့အပြင်မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေဖြင့်မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ဆည်မြောင်းတာတမံတွေအနေဖြင့် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။