တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းကို တိုကင်စနစ်နဲ့လူဦးရေသတ်မှတ်ပြီးထုတ်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ဩဂုတ်လ (၁၃) ရက်နေ့ကစတင်ကာပြန်လည်ထုတ်ပေးသွားမှာဖြစ် တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမှတ်စာရင်းကို နေပြည်တော်ရုံးချုပ် မှာကောင်တာ (၄)ခုနဲ့ရန်ကုန်ရုံးခွဲမှာ ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး အမှတ်စာရင်းထုတ်ပေးရာမှာ ကနဦးအနေနဲ့ တိုကင် (၅၀) နဲ့စတင်ဆောင်ရွက်ပေးမှာဖြစ်ပြီး တစ်ဦးကို အများဆုံး (၃)စောင်ထိသာ ထုတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်နယ်များနဲ့ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးတို့ရဲ့အမှတ်စာရင်းကို ဩဂုတ် (၁၄) ရက်နေ့မှာ စတင်ထုတ်ပေးသွားမှာဖြစ်ပြီး အခြားတိုင်းဒေသကြီးများရဲ့အမှတ်စာရင်းထုတ်ပေးမယ့်ရက်ကိုလည်းဆက်လက်ကြေညာပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#အမှတ်စာရင်း#တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း