၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁၃)ရက်
မြန်မာလူငယ် (အသက် ၁၈ – ၃၅ နှစ်) ၁၀ ဦးမှာ၄ ဦးမှာ အခွင့်အရေးရပါက နိုင်ငံမှစွန့်ခွာသွားရန် ဆန္ဒရှိကြောင်း ဖြေဆိုထားတယ်လို့ UNDPမြန်မာက International Youth Dayမှာသူတို့ရဲ့စစ်တမ်းကို ဖော်ပြထားပါတယ်။
ပညာအရည်အချင်းမြင့်မားတဲ့ လူငယ်တွေမှာ ရွှေ့ပြောင်းလိုသူပိုများပြီး ၅၃ ရာခိုင်နှုန်းထိ မြင့်တက်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီအချက်က နိုင်ငံရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ အင်ဂျင်နီယာစတဲ့ အရေးကြီးကဏ္ဍ တွေကို ထိခိုက်လာနိုင်သည့် ဦးနှောက်ယိုစီးမှု အန္တရာယ်သတိပေးချက်လည်း ဖြစ်ပါတယ်။
ဘယ်အရာတွေက သူတို့ကို နိုင်ငံတွင်းမှ ထွက်ခွါသွားစေတာပါလဲ။
ဒီရွှေ့ပြောင်းမှုတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်လုပ်သားစျေးကွက်၊ ခေါင်းဆောင်မှုနှင့် ဖွံဖြိုးတိုးတက်မှုတို့အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။ အဖြေကိုတော့ ပိုမိုနက်ရှိုင်းတဲ့ လေ့လာတွေ့ရှိချက်များနှင့်အတူ UNDPမြန်မာရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာ “ဌာနေဝေးမျိုးဆက်သစ်” မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း