၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁၃)ရက်
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အမျိုးသား(၁)ဦးရဲ့ ရုပ်အလောင်းထပ်ထွက်လာတယ်လို့ သိရပါတယ်။
Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၁၃.၈.၂၀၂၅ ရက်နေ့၊ ၁၀ ၃၀ အချိန်တွင် ရုပ်အလောင်းတွေ့ရှိတာဖြစ်ပါတယ်။
အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တွေဟာ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 မှ အမျိုးသား(၁)ဦးရဲ့ ရုပ်အလောင်းအား ၁၀ ၅၀ နာရီအချိန်မှာ ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။