Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပူတင်နဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ မရခဲ့ပေမယ့် တိုးတက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ ထရမ့်ပြော

၂၀၂၅၊ဩဂုတ်လ၊၁၆ရက်

ရုရှား သမ္မတ ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတွေမရခဲ့ပေမယ့် တိုးတက်မှုတွေ အများကြီးရှိခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က Fox News ကို ပြောပါတယ်။

ထရမ့်က “ကျွန်တော်တို့ ကြီးကြီးမားမား သဘောတူညီမှုရခဲ့တာ မရှိပါဘူး။ဒါပေမယ့် တိုးတက်မှုတွေတော့အများကြီး ရှိခဲ့ပါတယ်။ကျွန်တော်တို့ အားလုံး လူတွေ သေဆုံးနေတာကို ရပ်တန့်လိုက်တာကိုဘဲ လိုချင်တာပါ။ပူတင်က ကျွန်တော် သမ္မတဖြစ်ရင် ဒီစစ်ပွဲဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တာတော့ သဘောကျပါတယ်။ဒီတွေ့ဆုံမှုဟာ အရေးပါတဲ့ နှစ်နိုင်ငံကြားတွေ့ဆုံမှုဖြစ်ပါတယ်။သဘောတူညီမှု ရဖို့လည်း နီးစပ်နေပြီလို့ ထင်ပါတယ်။ဒါပေမယ့် ယူကရိန်း သဘောတူဖို့တော့ လိုအပ်ပါတယ်။”လို့ ပြောခဲ့တာပါ။

တွေ့ဆုံဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ထရမ့်က နေတိုး မဟာမိတ်တွေ၊ယူကရိန်း၊တခြားအရေးပါတဲ့ သူတွေ အကုန်နဲ့ ဆက်ဆွေးနွေးသွားမှာဖြစ်ပြီး သဘောတူညီမှု ပန်းတိုင်ကို မရောက်မချင်း မရပ်တန့်ဘူးလို့ ဆိုပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#အမေရိကန်