၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၆)ရက်
အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်အဖြစ် မြန်မာ-ထိုင်းအသင်းတို့ဟာဒီနေ့ညနေပိုင်းယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
ဒီနေ့သြဂုတ်လ(၁၆)ရက်ညနေ(၃)နာရီခွဲမှာ ဗီယက်နမ်နိုင်ငံရှိ Lach Tray Stadium အားကစားကွင်းမှာယှဉ်ပြိုင်ကြဖို့ရှိတယ်လို့ဆိုပါတယ်။
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မြန်မာနဲ့ထိုင်းအသင်းတို့ရဲ့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဗီယက်နမ်နိုင်ငံ၊ Haiphong မြို့ရှိ Pullman ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရှင်းလင်းပွဲမှာ ထိုင်းအသင်းမှFutoshi Ikeda (Head Coach, Thailand Team)“ ဆီမီးအဆင့်ကို ရောက်လာလို့ ကျေနပ်မိပါတယ်။ မြန်မာအသင်းဟာ တောင့်တင်းတာကြောင့် ခက်ခဲတဲ့ ပွဲဖြစ်လာမှာပါ။ လာမယ့် ပွဲတွေကို ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အုပ်စု နောက်ဆုံးပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့ပေမယ့် ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။
မြန်မာအသင်းမှ Tetsuro Uki ( (Head Coach, Myanmar Team)က“ ကျွန်တော်တို့အသင်းဟာ အုပ်စုတွင်းမှာ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကစားသမား၊နည်းပြ၊ အုပ်ချုပ် အဖွဲ့ဝင်တွေ အားလုံး အတူတကွ ကြိုးစားခဲ့လို့ ရလဒ်ကောင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ တိုက်ပွဲဝင် စိတ်ဓာတ်ကိုလည်း ကျေနပ်ပါတယ်။ လာမယ့် ပွဲတွေကိုလည်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ ဆီမီးဖိုင်နယ် မတိုင်မီ နားချိန်၂ ရက်ပဲ ရတာမို့ ကြံ့ခိုင်မှု အပြည့်အဝရဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ် ”လို့ ပြောပါတယ်။
#Mercury#mercurynews#အားကစား#မြန်မာ#အမျိုးသမီး#ထိုင်း