Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖက်ဒရီကို ချီယေဆာ လီဗာပူးလ်တွင် ဆက်ရှိမည်

၂၀၂၅၊ဩဂုတ်၊၁၉ရက်

ဖက်ဒရီကို ချီယေဆာ ဟာ လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်လိုက်ကြောင်း သူရဲ့ အေးဂျင့်က လီဗာပူးလ် ကို အသိပေးလိုက်ပါတယ်။

ချီယေဆာ ဟာ လီဗာပူးလ်နည်းပြ ဆလော့ (Slot)၊ အသင်းဖော်အားလုံးနဲ့ ပရိသတ်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ်ကတည်းက အကောင်းဆုံးဆက်ဆံရေးရှိခဲ့သူပါ။

လီဗာပူးလ်အသင်းက ချီယေဆာကို ာသီကြိုခြေစမ်းခရီးစဉ်ကနေ ချန်လှပ်ထားခဲ့တာကြောင့် ဇွန်လ/ဇူလိုင်လလောက်မှာ ပွဲကစားချိန်ပိုရဖို့ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့ပါတယ်။

နောက်ပိုင်းမှာ လူးဝစ် ဒီယက်ဇ်နဲ့ ဒါဝင်နူးနက်တို့ ထွက်ခွာသွားတာကြောင့် ကစားခွင့်နေရာပိုရလာခဲ့ပြီး၊ Anfield မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးဟာ အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ချီယေဆာဟာ အသင်းမှာဆက်နေပြီး သူ့နေရာအတွက် တိုက်ပွဲဝင်လိုတဲ့စိတ်ဆန္ဒ ရှိနေကြောင်း သိရပါတယ်။

#mercury#mercurynews#Chiesa#Liverpool#အားကစား