Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေနံတင်သင်္ဘောမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်မြန်မာသင်္ဘောသားနှစ်တစ်ဦးအနက်တစ်ဦးကွယ်လွန်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၉)ရက်

တောင်ကိုရီးယားနိုင်ငံမှာ ရေနံတင်သင်္ဘောမီးလောင်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့မြန်မာသင်္ဘောသားနှစ်ဦးအနက်တစ်ဦးကွယ်လွန်သွားတယ်လို့ သင်္ဘောသာအသိုင်း အဝိုင်းက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ယောစုမြို့၊ ရှင်းဘွတ်ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားတဲ့ ရေနံတင်သင်္ဘောတစ်စင်း ဩဂုတ်(၁၆)ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး မြန်မာသင်္ဘောသား၂ယောက် မီးလောင်ဒဏ်ရာရသွားတယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂယောင်းနမ်ပြည်နယ် ယောဆုမြို့ မြောက်ဖက်ဆိပ်ကမ်းသစ်မှာ ဖြစ်ပွားခဲ့တဲ့သင်္ဘော၂ စင်းမီးလောင်မှုမှာ မီးလောင်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ကိုအောင်သက်ပိုင် (၃၀ နှစ်) ဟာ ဘူဆန်မြို့၊ ဘက်စ်တီအန် ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသမှုကို ခံယူနေစဉ် ဒီနေ့ သြဂုတ်လ(၁၈)၊နံနက် ၃ နာရီ ၁၉ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ သင်္ဘောငယ်မှ မာလိန်မှူး (အသက်၅၀တန်း)အား သတိမေ့မျှောနေတဲ့ အနေအထားဖြင့် တွေ့ရှိခဲ့ပြီး ၊ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းမှာ အသက်ဆုံးရှုံးသွားကြောင်း ၊ သင်္ဘောကြီးမှ မြန်မာသင်္ဘောသား၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်းသိရှိရပြီး ၊ အသက်၃၀ တန်း မြန်မာသင်္ဘောသား တစ်ဦးမှာ မီးလောင်ဒဏ်ရာတွေနဲ့ ဘူဆန်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း ၊ အခြားမြန်မာတစ်ဦး (အသက်၂၀တန်း) မှာ ညာဖက်လက် အနည်းငယ်သာ ထိခိုက်မှုရှိသဖြင့် ဆေးရုံတက်ကုသရန် မလိုအပ်ဘဲ အဆောင်မှာ ပြန်ပြီး အနားယူနေတယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းမှ သိရပါတယ်။

Photo-Credit

#Mercury#mercurynews#ဆီတင်သင်္ဘော#SEAMAN#ကိုရီးယားနိုင်ငံ#မြန်မာသဘေ်ာသား