မနက်ဖြန်ဩဂုတ်လ (၂၉)ရက် နံနက်ပိုင်းမှ စတင်ပြီး လေဖိအားနည်းရပ်ဝန်းဟာ Depression Twenty (20W)ဟာ အပူပိုင်းမုန်တိုင်း(Tropical Storm – TS 20W) ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
အပူပိုင်းမုန်တိုင်းမှအကြွင်းအကျန်တိမ်တိုက်တွေ မြန်မာနိုင်ငံဘက်ဆက်လက်ရွေ့လျားလာနိုင်ပြီးပဲခူး၊မန္တလေး၊နေပြည်တော်၊မကွေးတို့မှာ မိုးအလွန်များဦးမှာဖြစ်တယ်လို့ သိရပါတယ်။
အပူပိုင်းမုန်တိုင်းဖြစ်လာပြီး ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်းအကြွင်း အကျန်တွေဟာ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံနယ်စပ်မှတဆင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ဘက်နှင့် မကွေးတိုင်းအထိ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင် တယ်လို့ဆိုပါတယ်။
ပြည်နယ်တိုင်းဒေသများအလိုက် မိုးရေချိန်ရရှိနိုင်သည့်အခြေအနေ ဩဂုတ်လ ၃၁ ရက် နေ့လည် ၁၂ နာရီ မှ စက်တင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီအထိ – ၂၄ နာရီ မိုးရေချိန်သည် ပဲခူးတိုင်းအရှေ့ပိုင်း၊နေပြည်တော် (မန္တလေးတိုင်းတောင်ပိုင်း)နှင့် မကွေးတိုင်းတောင်ပိုင်းဒေသများတွင် မိုးများ/မိုးအလွန်များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မန္တလေးတိုင်းအလယ်ပိုင်း(မန္တလေးမြို့တောင်ဘက်)၊ မကွေးတိုင်းအလယ်ပိုင်း(နတ်မောက်၊ ရေနံချောင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့အောက်ဘက်)၊ ကယားပြည်နယ်တခုလုံးမှာလည်း မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ သိရပါတယ်။
Photo Credit: U Win Naing
#Mercury#mercurynews#ပြည်တွင်းသတင်း#မုန်တိုင်းအကြွင်းအကျန်#မိုးများနိုင်#မြန်မာနိုင်ငံ