Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပင်လယ်ပြင် ထူးခြားမှုအဖြစ် လေပွေလှိုင်းတစ်ခုထပ်မံဖြစ်ပေါ်လာပြီး မိုးသည်းထန်ဦးမည်

အခုရက်ပိုင်းအတွင်းမှာ မုန်တိုင်းအကြွင်းအကျန်သက်ရောက်မှုအပြင် လေပွေလှိုင်း တစ်ခုထပ်မံဖြစ်ပေါ်လာပြီး မိုးသည်းထန်ဦးမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ စက်တင်ဘာလ (၁၂) ရက် ည၊ (၁၃)ရက် နံနက်ပိုင်းမှစတင်ပြီး လေပွေလှိုင်းတခုဖြစ်ပေါ်လာနိုင်ကာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာလ (၁၄)ရက်မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်ကာ အနောက်တောင်မုတ်သုံလေ အားကောင်းနေနိုင်တယ်လို့ဆိုပါတယ်။

အခုအချိန်အထိရရှိပြီးကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်းအကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စက်တင်ဘာလ(၁၀) ရက်မှ စတင်ပြီး မိုးအနည်းငယ်မှအသင့်အတင့် စတင်ရွာသွန်းနိုင်ပြီး၊

စက်တင်ဘာ(၁၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း