Sky Villa အဆောက်အအုံမှာ အမျိုးသား၊အမျိုးသမီး(၂)ဦးရု၊ပ်အလောင်းများ ထပ်မံတွေ့ရှိရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ စက်တင်ဘာလ(၅)ရက် မှာ အဆောင် (A)၊ ပထမထပ် Hallခန်းအတွင်းမှ ၁၆ ၂၀ အချိန်မှာအမျိုးသား(၁)ဦးရဲ့ ရုပ်အလောင်းနှင့် ၁၆ ၃၅ အချိန်မှာ အမျိုးသမီး(၁)ဦးရဲ့ရုပ်အလောင်းတို့ကို ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#skyvilla#မြန်မာ#ပြည်တွင်းသတင်း