Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်း စားနပ်ရိက္ခာမဖူလုံမှုနှင့်ရင်ဆိုင်နေရဟု WFP ဆို

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ ၁၆ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာမဖူလုံမှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စက်တင်ဘာ ၅ ရက်နေ့ရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စားနပ်ရိက္ခာမလုံလောက်တဲ့ လူဦးရေဟာ၁၃ ဒသမ ၃ သန်းရှိခဲ့ပြီး၊ တစ်နှစ်အတွင်း သိသိသာသာ တိုးမြင့်လာကာ လူဦးရေ ၃ သန်းခန့် တိုးလာခဲ့တာဖြစ်ပါတယ်။

လက်ရှိ အစားအသောက်ဖူလုံမှုမရှိသူများအနက် ၂ ဒသမ ၈ သန်းမှာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း WFPရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံက ဆာလောင်မွတ်သိပ်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ဓါတ်ပုံ-United Nation Myanmar

#mercury#mercurynews#မြန်မာ#wfp#စားနပ်ရိက္ခာ