ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်မှာ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က မိုင်းပျဉ်းမြို့နယ်မှာ လုံခြုံရေးအဖွဲ့ဝင်များက ယာဉ်တစ်စီးကို ရပ်တန့်ရှာဖွေခဲ့ရာမှ အဆိုပါမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ-CCDAC
#mercury#mercurynews#မူးယစ်#မြန်မာ#ပြည်တွင်းသတင်း