Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အပူပိုင်းမုန်တိုင်း“တားဖ” အားလျော့လာပေမည့် မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာဦးမည်

အပူပိုင်းမုန်တိုင်း“တားဖ” အားလျော့လာပေမယ့် မိုးတိမ်တောင်တွေကြောင့် မိုးထစ်ချုန်းရွာဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

အပူပိုင်းမုန်တိုင်း“တားဖ”(TAPAH)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊

အဲဒီ့ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေနဲ့ ရှမ်းပြည်နယ်တွင် မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း