Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖောရက်စ်နည်းပြ နူနို ဆန်းတိုစ် ရာထူးမှ ထွက်ခွာ

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြ နူနို အက်စ်ပီရီတို ဆန်းတိုစ်ဟာ အသင်းပိုင်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးနောက် ရာထူးကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အသင်းက တရားဝင်ကြေညာလိုက်ပါတယ်။

လက်ရှိမှာတော့ ဖောရက်စ်အသင်းဟာ နူနိုရဲ့နေရာအတွက် စပါးနည်းပြဟောင်း အန်ဂဲလ် ပိုစက်ကိုဂလိုနဲ့ အခြားနည်းပြအချို့ကို လေ့လာနေတယ်လို့လည်း သိရပါတယ်။

နူနို ဆန်းတိုစ်ဟာ မနှစ်က နော်တင်ဟမ်ဖောရက်စ်အသင်းကို ဉရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြလည်းဖြစ်ပါတယ်။

#merucry#mercurynews#အားကစား#ဘောလုံး#နော်တင်ဟမ်ဖောရက်စ်