Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင် မိုးသည်း၍ငမိုးရိပ်ဆည် ရေတိုးလာပြီးတမံရေပြည့်အမှတ်ရောက်တော့မည်

ရန်ကုန်မှာ မိုးသည်းလို့ စက်တင်ဘာလ(၁၀)ရက်မှာငမိုးရိပ်ဆည်မှာ ရေသိသိသာသာတိုးလာပြီး ရေပြည့်ဖို့ နည်းနည်းပဲလို တော့တယ်လို့ သက်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ငမိုးရိပ်တမံရေပြည့်မှတ်ရောက်ရန် ၂.၀၀ ပေလို၊မဟူ ရာတမံရေပြည့်မှတ်ရောက်ရန် ၄.၂၀ ပေလို၊ပေါင်းလင်းတမံရေပြည့်မှတ်ရောက်ရန် ၁၃.၄၀ ပေလိုတော့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်စဥ်ပျှမ်းမျှမိုးရေချိန် ၁၀၀.၀၀ လက်မရှိပြီး အခုဆိုရင် ဒီနေ့အထိရွာသွန်းပြီးမိုးရေချိန် ၈၂.၅၇ လက်မရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#ငမိုးရိပ်ဆည်