Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာတွင် ရန်ကုန်မြို့သည်တီဘီရောဂါကူးစက်ခံနေရမှုအများဆုံးဖြစ်ပွား

၂၀၂၅ခုနှစ်၊စက်တင်ဘာလ၊(၁၀)ရက်

တစ်နှစ်တာအတွင်း တီဘီကူးစက်ခံရတဲ့ ကမ္ဘာ့လူဦးရေ (၁၀.၈ သန်း)ခန့်ရှိပြီး မြန်မာနိုင်ငံမှာလည်း လူဦးရေ (၁) သိန်းမှာ(၅၀၀)မှ(၈၀၀)ကျော်အထိတီဘီရောဂါ ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

‘’မြန်မာနိုင်ငံမှာက ပုံမှန်လူတွေ(ကျန်းမာရေးကောင်းတဲ့လူတွေ)ထဲမှာတော့ လူဦး‌‌ ရေတစ်သိန်းမှာလူဦးရေ(၅၀၀) ကျော် ( ရန်ကုန်မှာလူဦးရေ ၅၀၀)က တီဘီရောဂါ ဖြစ်နေပါတယ်။ကိုယ်ခံအားကျနေသူတွေ၊ဆီးချိုသွေးချိုရှိသူတွေ၊အရက်၊ဆေးလိပ်သောက်သူတွေနဲ့ ရောဂါဖြစ်ပွားမှုများနိုင်ခြေရှိတဲ့လူတွေထဲမှာ တိုင်းတာရင်တော့ လူတစ်သိန်းမှာလူဦးရေ(၈၅၀) လောက်ရှိပါတယ်။ဒါတွေအားလုံးက အင်မတန်မှ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသ မှုဦးစီးဌာန၊ဌာနမှူး ဒေါက်တာနန္ဒဝင်းကပြောကြားထားပါတယ်။

ကမ္ဘာပေါ်မှာ တီဘီဖြစ်ပွားနှုန်းကတော့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၁၀.၈ သန်း ခန့်ဟာ တီဘီရောဂါ (TB) ဖြစ်ခဲ့ပြီး အမျိုးသား (၆) သန်း ၊အမျိုးသမီး (၃.၆)သန်းနဲ့ ကလေးငယ် (၁.၃)သန်း ‌ရောဂါဖြစ်ပွားခဲ့တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

#mercurynews#ပြည်တွင်းသတင်း#တီဘီရောဂါ#ရန်ကုန်မြို့#တီဘီရောဂါကာကွယ်ရေး