Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

‘ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့’အခမ်းအနားကျင်းပ၊ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတံခွန်စိုက်ဆုချီးမြှင့်

‘၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့’ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံမှာကျင်းပခဲ့ပြီး ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ “ဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်” “ FIRST AID AND CLIMATE CHANGE” ဖြစ်တယ် လို့ဆိုပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Nadia Khoury နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် Mr. Xavier Macquerh တို့က နှုတ်ခွန်းဆက်စကား ပြောကြားကာ ရှေးဦးပြုစုခြင်း ဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသခဲ့တယ်လို့ သိရပါတယ်။

#mercury#mercuryvariety#ကြက်ခြေနီ#မြန်မာ#ပြည်တွင်းသတင်